တနိုင်း ဇွန် ၂၆
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂ ခုနှစ် ဇွန်လ (၂၇) ရက်နေ့တွင် ကျရောက်သည့် "ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့" အထိမ်းအမှတ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံ နက်(၈)နာရီက တနိုင်းမြို့အဝင်၊ လီဒိုလမ်းမကြီး ဘေး၌ ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက "ကမ္ဘာသစ်ပင်စိုက်ပျိုးရေးနေ့" အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေသ ကိုယ်စားလှယ် ဦးဇော်လွမ်းတူးက ကမ္ဘာသစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး ကမ္ဘာသစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိတို့က အသီးသီးပေးအပ်ကြပြီး စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ အတွင်ရေးမှူး ရဲမှူး သက်နိုင်ဦး၊ အဖွဲ့ဝင် များဖြစ်သည့် ဗိုလ်မှူး တေဇာအောင်၊ လဝက လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းဦး၊ ဒေသကိုယ်စားလှယ် ဦးဇော်လွမ်းတူး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း အင်အား (၉၀) ဦးတိုက တနိုင်းမြို့ဝင် လီဒိုလမ်းမကြီးဘေး ဝဲယာတစ်လျှောက် သပြေဘူတ(၃၀)ပင်၊ ခရေ(၁၀၀)ပင်၊ ကံ့ကော် (၅၀) ပင် စုစုပေါင်း အပင်(၁၈၀)စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မနောမြေ(တနိုင်း)