မိုင်းခုတ် ဇွန် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် မအားလပ်သဖြင့် စာကြည့် တိုက်သို့ မလာရောက်နိုင်သည့် အများပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ် ဖြင့် စာအုပ်၊ စာစောင်များလှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲက ဝမ်ကတ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေမည့် တိုင်းရင်းသားစာပေနှင့် ယဉ် ကျေးမှုအသင်း/ကော်မတီများမှ ထုတ်ဝေသည့် ရုပ်ပြနှင့် ကဗျာစာအုပ်များကို အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ကျောင်းအုပ်ဆရာမကြီးထံ အုပ်ရေ(၃၀) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက်ကို ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတ များရရှိစေရန်၊ စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြား တတ်စေရန်ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး စာအုပ်၊ စာစောင်များပြန် လည်အပ်နှံ/လက်ခံခြင်း၊ အသစ်ပြန်လည် ငှားရမ်းပေးခြင်းတို့ကို အပတ်စဉ် တနင်္လာနေ့တိုင်း ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)