နမ့်ခမ်း ဇွန် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ နွေစပါးစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့နေ့လည်(၁)နာရီအချိန်တွင် နမ့်ခမ်းမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ အကွက်အမှတ်(၆၇)၊ ဦးပိုင်အမှတ်(၂/၂)၊ ဧရိယာ(၀.၆၅)ဧကရှိ ဒေသခံတောင်သူ ဦးစိုင်းယီ၏ ဧည့်မထအထွက်းကောင်း စပါးမျိုးစိုက်ပျိုးထားသည့် လယ်မြေနေရာ၌ ကျင်းပခဲ့သည်။
နမ့်ခမ်းမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ အကွက်အမှတ်(၆၇)၊ ဦးပိုင်အမှတ်(၂/၂)၊ ဒေသခံတောင်သူ ဦးစိုင်းယီ၏ လယ်မြေနေရာ၌ စိုက်ပျိုးထားသည့် ဧည့်မထအထွက်းကောင်း စပါးမျိုး (ကောင်းကိုယ်စားပြု) စံကွက်ဖြစ်ပြီးဧရိယာ(၀.၆၅)ဧကရှိ နွေစပါးရိတ်သိမ်းရာတွင် ရိတ်သိမ်းခဲ့သည့်စံကွက်၏ အဆိုထွက်နှုန်းကို (၁၆၅)တင်းနှုန်းထွက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ထံမှ သိရသည်။
နွေစပါး စံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ အမှတ်(၁၁)၊ စံရိတ်သိမ်းရေးအဖွဲ့နှင့် ဒေသခံတောင်သူများက တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)