ကျောက်ဆည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်သားများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ကျောက်ဆည် ဇွန် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၉)နာရီခွဲက ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက စာအုပ်စာပေလူမိတ်ဆွေဆိုသည့်အတိုင်း ကျောင်းသား/ကျောင်းသူများ အနေဖြင့် အားလပ်သည့်အချိန်များတွင် ကျောင်းစာအပြင် ပြင်ပစာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ဘက်စုံထူးချွန်သူများဖြစ်စေလိုကြောင်း၊ ငယ်ရွယ်သည့်အချိန်တွင် ရွေးချယ်စရာလမ်းများ အများအပြားရှိသည့်အတွက် အချိန်ရှိခိုက်တွင် စာအုပ်စာပေးများ ပိုမိုလေ့လာကြစေလိုကြောင်းနှင့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာအုပ်ထဲတွင် ပညာရှာခြင်းဖြင့် ဘဝတွင်တိုးတက်သူများ မလွဲဧကန်ဖြစ်မှာဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ့စာကြည်တိုက်တွင် စာအုပ်စာပေများ အခမဲ့လာရောက်ဖတ်ရှုကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၅၄)ဦး ပါတင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရှိကာ ပြိုင်ပွဲအပြီးတွင် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)