လဲချား ဇွန် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်၂၀၂၂ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈)နာရီအချိန်က နောင်ခမ်းကန်တွင် စိုက်ပျိုးခဲ့ပါသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ အပူချိန်မြင့်မားလာမှုနှင့် ရာသီဥတုဖောက်ပြန်မှုများ ကြိုတင်ကာကွယ်နိုင်ရေး၊ ရေအရင်းအမြစ်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရေမြေသဘာဝကောင်းမွန်စေရေး၊ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများအတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ ဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့်လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ချယ်ရီပင်နှင့်မန်ဂျန်ရှားပင် စုစုပေါင်း(၁၅၀)ပင်ကို နောင်ခမ်းကန်ဘေးပတ်ဝန်းကျင်တွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)