ကျောက်ဆည်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်ဆည်  ဇွန် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည့် ယမန်နေ့မွန်လွဲ(၂)နာရီက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများစည်ကားလျက်ရှိသည့် အေးမြကြည်လင်ဈေး၊ မြို့မဈေး၊ မြို့ပတ် လမ်းနှင့်တံစိုးဂိတ် လမ်းဆုံနေရာများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြသနာနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်၊ ဘက်ပေါင်းစုံမှတားဆီးနှိမ်နင်းကာကွယ် လျက်ရှိမှုများ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများ၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူးဟာ(၃)ရပ်စသည့်အကြောင်းအရာများနှင့်ကဗျာ၊ ကာတွန်းများဖြင့် အသိပညာပေးဖော်ပြထားကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)