ဗဟန်း ဇွန် ၂၇
“မြန်မာ့ဂီတနေ့”ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာ Community Centre ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဗဟန်းမြို့နယ် ဂီတအစည်းအရုံးက ကြီးမှူးကျင်းပသော" ဂီတနေ့"အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌက မြို့နယ်ဂီတတာဝန်ပေးခန့်အပ်လွှာ ဖတ်ကြားခြင်း၊ ဗဟန်းမြို့နယ် ဂီတအတွင်းရေးမှူးက ဗဟန်းမြို့နယ်ဂီတအစည်းအရုံးဖွဲ့စည်းပုံဇယား ဖတ်ကြားခြင်းနှင့် အလှူငွေပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဗဟန်းမြို့နယ်ဂီတဥက္ကဋ္ဌ ဒေါ်ဆည်းဆာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တက်ရောက်လာသည့် ဂီတပညာရှင်များမှ တေဂီတများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
စန္ဒာမိုး