မာန်အောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမှတ်(၇)မေဃဝတီမဂ္ဂဇင်း ထုတ်ဝေနိုင်ရေး (စတုတ္ထ ) အကြိမ် အစည်းအဝေး ကျင်းပ

မာန်အောင် ဇွန် ၂၇

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မေဃဝတီမဂ္ဂဇင်းကော်မတီမှ မာန်အောင်မြို့နယ်မှ ထုတ်ဝေလျက်ရှိသော မေဃဝတီမဂ္ဂဇင်းအမှတ်() ဆက်လက် ထုတ်ဝေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (စတုတ္ထ) အကြိမ်ကို ယမန်နေ့ မွန်းလွဲ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စာပေကော်မတီဝင် ၁၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မေဃဝတီမဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ နာယက ဦးသာညွန့်မှ အဖွင့်အမှာစကား ပြောကြားပြီး စာပေကော်မတီ ဥက္ကဋ္ဌဦးသန်းရွှေမှ မေဃဝတီမဂ္ဂဇင်းအမှတ်() စာမူများ ရရှိထားမှုနှင့် ရွေးချယ် စီစစ်နိုင်ရေး၊ ထုတ်ဝေနိုင်ရေးကိစ္စနှင့်ပတ်သက်၍လည်းကောင်း၊ စာရင်းစစ်ဦးစိုးသိမ်းမှ ငွေစာရင်းနှင့်စာအုပ် ထုတ်ဝေနိုင်ရေး တာဝန်ပေးအပ်ရန် ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာသူ စာပေကော်မတီဝင်များက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သိန်းဖေ (ပြန်/ဆက်)