မူဆယ် ဇွန် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၏ ၂၀၂၁-၂၀၂၂ နွေစပါးစံကွက်ရိတ်သိမ်းပွဲကို မူဆယ်မြို့၊ နောင်လောင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၃)၊ ဦးပိုင်အမှတ်(၄၉/ခ)၊ ဒေသခံတောင်သူ ဒေါ်မြထွမ်း၏ ဆင်းရွှေလီ စပါးမျိုးစိုက်ပျိုးထားသော လယ်မြေတွင် ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းပွဲကို မူဆယ်ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာမှူး ဦးမျိုးဆွေဦးဆောင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်မျိုးဝေနှင့် ဝန်ထမ်းများက လယ်ကွင်းဆင်း စံကွက်ရိတ်သိမ်းခြင်းကိုပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်း၊ နောင်လောင်းကျေးရွာအုပ်စု နွေစပါးစံကွက်ရိတ်သိမ်းရေးအဖွဲ့နှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
နွေးစပါးစံကွက်ရိတ်သိမ်းရာတွင် အဆိုပါကွင်း၏ (ကောင်းကိုယ်စားပြု) စံကွက်ဖြစ်ပြီး ရိတ်သိမ်းသည့် စံကွက်၏အစိုထွက်နှုန်း (၁၄၅.၄၀)တင်းနှုန်း ထွက်ရှိပါကြောင်း မြို့နယ်လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
ချယ်ရီမြေ(မူဆယ်)