ဆီဆိုင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ဆီဆိုင်  ဇွန်  ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်​ သတင်းစကား လက်ကမ်းစာစောင်များကို  ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက သွားရောက်ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြဿနာနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ ဘက်ပေါင်းစုံမှတားဆီးနှိမ်နင်းကာကွယ်လျက်ရှိ၊(၃၁-၁-၂၀၂၂)ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) ၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ဆောင်းပါး၊ ကဗျာ၊ ​ ကာတွန်း၊ ဆောင်ပုဒ်များဖြင့် စုံလင်စွာဖော်ပြထားကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)