မိုင်းယု ဇွန် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြိုနယ်၊ မိုင်းယုမြို မြို့သန့်ရှင်းသာယာရေးလုပ်ငန်းကို ဌာနဆိုင်ရာများ၊ တပ်မတော်သားများနှင့် ပြည်သူများက ယနေ့နံနက်ပိုင်းက နယ်မြေခံ မီးသတ်တပ်ဖွဲ့ရုံးရှေ့ မိုင်းယောင်း-မိုင်းယု ကားလမ်းဘေး ဘယ်ညာတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့်အတူ ဒေါင်နေရပ်ကွက်၌လည်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်စသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သန့်ရှင်းရေးဆောင်ရွက်ရာသို့ မြိုအုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အမှတ်(၁၀၀၈)နယ်ခြားတပ်မှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ၊ မီးသတ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ဒေသခံပြည်သူများက နယ်မြေခံ မီးသတ်တပ်ဖွဲ့ရုံးရှေ့ မိုင်းယောင်း-မိုင်းယု ကားလမ်းဘေး ဘယ်ညာတစ်လျှောက်ရှိ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်စိုများ၊ သစ်ခက်သစ်ကိုင်းများ၊ သစ်ရွက်ခြောက်နှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရှင်းလင်းခြင်းတို့ကို ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြပြီး အမှိုက်သိမ်းကားဖြင့် မြိုပြင်ရှိ အမှိုက်ပစ်ရန် သတ်မှတ်နေရာသို စနစ်တကျ သွားရောက်စွန့်ပစ်ခဲ့ကြသည်။
အလားတူ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းလုပ်များဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်စသည့်လုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဝေဝေလွင်ဦးဆောင်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များနှင့် ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးတို့က မိုးကြိုကာလ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ခြင်များ အလွယ်တကူပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်၊ ရေစည်၊ ရေပုံးများအတွင်းသို့ အဘိတ်ဆေးများခတ်ခြင်း လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊လဲ ၊စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် ဘုရားပန်းအိုးများ၊ သောက်တော်ရေခွက်များ၊ မိုးရေတင်ကျန်နိုင်သည့် တာယာခွံများနှင့် ရေအိုးဟောင်းများတွင် ရေများမခိုအောင်းစေရေးဆောင်ရွက်ပေးကြပါရန်နှင့် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားရသည့်အကြောင်းအရာများအား အသိပညာပေးခြင်းတို့ကိုလည်း သတ်မှတ်ထားသည့် လမ်းညွှန်ချက်များအတိုင်း စစ်ဆေးဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်