ပင်လုံမြို့ အထက(၃)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ပင်လုံ ဇွန် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပင်လုံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်း ၁၁ နာရီအချိန်ခန့်က ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုတွင် မြို့နယ်ဦးစီးမှူးဒေါ်အိမြတ်နိုးသူက မူးယစ်ဆေးဝါး၏ ကြောက်မက်ဖွယ်ရာကောင်းပုံ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများနှင့် မူးယစ်ဆေးဝါးနှင့်ကျန်းမာရေးအကြောင်း စသည်တို့ကို ဟောပြောခဲ့ကြောင်း သိရပါသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပင်လုံမြို့ရုံးမှဝန်ထမ်းများက အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မဟာဗျူဟာ (၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ဘက်ပေါင်းစုံမှ တားဆီးကာကွယ်ရေး၊ ကဗျာ၊ ကာတွန်း စသည့် အချက်များပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)