မချမ်းဘော့ ဇွန် ၂၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ ၃ နာရီက အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့်ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို အသိပညာပေးဟောပြောပြီး ကျောင်းသားကျောင်းသူများ စာပေဗဟုသုတရရှိစေရန် ရုပ်ပြ၊ မဂ္ဂဇင်းစာအုပ်များ ဖတ်ရှုလေ့လာခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ဆရာဆရာမများ ကျောင်းသားကျောင်းသူများ စုစုပေါင်း(၄၅) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)