ချောင်းဆုံ ဇွန် ၂၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်မှ တားဆီးကာကွယ်နိုင်စေရန်အတွက် အ.လ.က (ကွမ်လှာ)ကျောင်း (နဝရတ်)ခန်းမတွင် ယမန်နေ့ နံနက် (၁၁) နာရီ က အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် (အ.လ.က)ကျောင်းအုပ်ဆရာကြီး ဦးစိုးမိုးထိုက်က မူးယစ်ဆေးဝါးကင်းစင်သည့် အနာတ်မျိုးဆက်သစ်ကျောင်းသား/သူများ ဖြစ်စေရန် မူးယစ်ဆေးဝါးအဓိပ္ပါယ် မူးယစ်ဆေးဝါးသုံးစွဲသူ၏ လက္ခဏာ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို ဟောပြောသည်။
ထို့နောက် ကျောင်းသား/သူများအား မူးယစ်ဆေးဝါးဆိုင်ရာ ဉာဏ်စမ်းအမေးအဖြေများကို မေးမြန်းခဲ့ပြီး စာရေးကိရိယာများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ အဆိုပါ ကျောင်းခန်းမတွင် မွန်းလွဲ(၁)နာရီက ယာဉ်စည်းကမ်းလမ်းစည်းကမ်း လမ်းစည်းကမ်းနှင့်ပတ်သက်၍ မော်တော်ဆိုင်ကယ်/စက်ဘီးစီးနင်း သူများလိုက်နာရမည့် စည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ရန်၊ အသက်အန္တရာယ်၊ ယာဉ်တိုက်မှုအဖြစ်စေရေး သတိပြုရမည့်အချက်များ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်းနှင့် ကျောင်းသား/သူ (၂၄၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)