လှိုင်းဘွဲ ဇွန် ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဒေသနေပြည်သူများအနေဖြင့် မိုးရာသီရောက်လာ ပြီးဖြစ်၍ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်လွဲ(၃)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးရီက ပြည်သူများအနေဖြင့် ရေကြီးမှုဖြစ်ပေါ်ချိန်တွင် မိမိအိမ်ပတ်ဝန်းကျင်ရှိ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ကြံ့ခိုင်မှုကို စစ်ဆေးခြင်း၊ မိသားစုပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများ ကြိုတင်ဆောင်ရွက်ခြင်း၊ ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ရေကြီးခြင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ ရေကြီးဖြစ်ပေါ်ချိန်တွင် လိုက်နာရမည့် အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရမည့်အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ ဆက်သွယ်ရမည့်နေရာများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)