မိုင်းနောင်အထကကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်

မိုင်းနောင် ဇွန်  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ပညာရေးဌာနတို့ပူးပေါင်း၍ ပြုလုပ်ဆောင်ရွက်ရာ စခန်းမှူး ရဲအုပ်ဇော်ဝင်းက မူးယစ်ဆေးဝါး၏အဓိပ္ပါယ်နှင့် ပြစ်မှု၊ပြစ်ဒဏ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နန်းမီးက မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းရင်းများ၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒများကို ရှင်းလင်းဟောပြောကာ အထက်တန်းသူနာပြု ဒေါ်နန်းမိညိုက မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအား ဖြည့်စွက် ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရှိရသည်။ အဆိုပါဟောပြောပွဲသို့ မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းနှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား၊ ကျောင်းသူများ (၁၅၀ ဦးတက်ရောက်ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)