လားရှိုးမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်

လားရှိုး ဇွန် ၂၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က လားရှိုးမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် လားရှိုးခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဒေါ်သွယ်သွယ်ဦးက သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အေးမင်းမင်းစံက ကျား/မ အခြေပြုအကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ ခေါင်းစဉ်များဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များ၊ ကျောင်းသုံးစာရေးကိရိယာများ၊ လက်ဆေးဆပ်ပြာဆီများနှင့် အဝတ် Mask များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး