မိုးနဲ ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၁၁ နာရီ အချိန်က ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ အသိဉာဏ်တိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ကိုယ်ရည်ကိုယ်သွေး တိုးတက်လာစေရန်နှင့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်စေရန်အတွက် ရည်ရွယ်၍ စာအုပ်ပြပွဲကိုခင်းကျင်းပြသပေးခြင်းအပြင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်ကိုလည်း ရုံးရှေ့မြေစိုက်ဘုတ်၌ပြသခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပညာပေးကာတွန်းစာအုပ်များ၊ စိတ်ဝင်စားဖွယ် ပုံပြင်စာအုပ်များနှင့် ဗဟုသုတပိုမိုရရှိ စေရေးအတွက် သုတစွယ်စုံစာအုပ်များကို ခင်းကျင်းပြသခဲ့ကြသည်။ အဆိုပါ စာအုပ်ပြပွဲသို့ မဝင်ရောက်မီ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ သုံးစွဲမိပါက ခံစားရမည့်ဆိုးကျိုးများ၊ မူးယစ်ဆေးအစဆေးလိပ်ကဟူသော ဆောင်းပုဒ်အတိုင်း စမ်းသပ်သုံးစွဲခြင်းမပြုကြပါရန်နှင့် မူးယစ်ဆေးဝါး ဖြစ်ပေါ်လာပုံများ၊ မူးယစ်ဆေးဝါး အမျိုးအစားများနှင့် သုံးစွဲသူ ရောင်းဝယ် သူများ ကျခံရမည့် ပြစ်မှုပြစ်ဒဏ်ဆိုင်ရာ အကြောင်းအရာများကို ရုံးရှေ့မြေစိုက်နံရံကပ ပြဘုတ်၌ပြသခဲ့ရာ လာရောက်ကြသည့် Grade-5 အဆင့် ကျောင်းသား/ကျောင်းသူ ၄၂ ဦးတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)