ဝမ်းတွင်း ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မူမြစောက စာဖတ်ဝိုင်း များပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်များအတွက် အနာဂတ်၊ အမှား၊ အမှန်ကို ရွေးချယ်တက်စေရန်၊ လူငယ်များရဲ့ဘဝ စူးစမ်းချင်တဲ့ စိတ်များနေတာကြောင့် လမ်းမှားကို မလျှောက်လှမ်းဘဲ ဘဝအနာဂတ်သာယာလှပဖို့ လမ်းမှန်ကိုရွေးချယ်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် စာဝိုင်းကိုကျင်းပြုလုပ်ရခြင်းဖြစ် ကြောင်းပြောကြားခဲ့သည်။ ထို့နောက် စာပေချစ်သူ Book Club အသင်းမှ အဖွဲ့ဝင်များက “မှားတာကိုမကြောက်ပါနဲ့၊ အောင်မြင်ဖို့ တည်ဆောက်ခြင်းနှင့်အမြင်များ၊ လူငယ်နှင့်စူးစမ်းလေ့လာမှုများ၊ လူငယ်နှင့်တာဝန်သိမှု၊ အသုံးကျခြင်းနှင့်နှလုံးလှခြင်း” စသည့်ခေါင်းစဉ်များဖြင့် စာပေအကြောင်းသိကောင်းစရာ ဗဟုသုတများကို ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ “လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း” စာဖတ်ဝိုင်းသို့ ဦးစီးအရာရှိ ဒေါ်မူမြစောနှင့် စာပေချစ်သ Book Club အသင်းမှ အဖွဲ့ဝင်များ တက်ရောက်ကာ လူငယ်စာပေနှင့် ရသစာပေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)