လယ်ဝေး ဇွန် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန)တွင် ယမန်နေ့နံနက်(၉)နာရီက လူငယ်နှင့်ယဉ်ကျေးမှုအကြောင်း သိကောင်းစရာများ Talk Show ကျင်းပသည်။
အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်၊ စာပေဗိမာန်ဆုရ စာရေးဆရာမ ဒေါ်သက်သက်နွယ်တို့က လူငယ်များလိုက်နာကျင့်သုံးနိုင်စေရန် ယဉ်ကျေးမှုဓလေ့ ထုံးစံများ၊ နီတိများ၊ ယဉ်ကျေးမှုကိုတန်ဖိုးထားလိုက်နာခြင်းဖြင့် လူငယ်များအနေဖြင့် ပညာပြည့်ဝနှလုံးလှသည့် သားကောင်းသမီးမွန်များအဖြစ် ရောက်ရှိလာကြမည်ဖြစ်ကြောင်းစသည် ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Showများ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှုစသည့် အစီအစဉ်များကိုရိုက်ကူး ၍ Onlineမှ တင်ဆက်ပေးလျက်ရှိရာ လူငယ်နှင့်ယဉ်ကျေးမှုအကြောင်း သိကောင်းစရာများ Talk Show အစီအစဉ် ကိုလည်း We Love Leiway Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။
မြို့နယ်(ပြန်/ဆက်)