မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မန်တုံ ဇွန်၂၄

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကို အလယ်တန်းကျောင်းသား၊ ကျောင်းသူများနှင့် ကျင်းပပြုလုပ်ခဲ့ပါ သည်။

ကျောင်းသား၊ ကျောင်းသူ ကလေးလူငယ်များအနေဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများသိရှိစေရန်၊  အစုအဖွဲ့အတွင်း ပူးပေါင်း ပါဝင်တတ်စေရန်၊ စာကြည့်တိုက်ကိုအသုံးပြုတတ်စေရန်ရည်ရွယ်၍ ကဗျာရွတ်ဆို ပြိုင်ပွဲပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/သူများအား  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

အဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲသို့ အခြေခံပညာအထက်တန်းကျောင်းနှင့်    အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၂)ဉီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

မန်တုံ(ပြန်/ဆက်)