ဘီးလင်း ဇွန် ၂၂
သထုံခရိုင်၊ ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးဌာနမှ အခြေခံမွေး မြူရေးပညာပေး သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက တဘက်ဆွဲကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဘီးလင်းမြို့နယ် တဘက်ဆွဲကျေးရွာ အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာနှင်းက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံမွေးမြူရေး ပညာပေး သင်တန်းသို့ တဘက်ဆွဲကျေးရွာအတွင်းရှိ မွေးမြူရေး လုပ်ငန်း စိတ်ပါဝင်စားသူ ၁၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြများအဖြစ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဒုတိယဦးစီးမှူးဝန်ထမ်းများက ၂ ရက်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထူးနောင် (ပြန်/ဆက်)