ကျိန္တလီမြို့၌ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲကျင်းပ

ကျိန္တလီ  ဇွန် ၂၃ 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့နံနက် ၀၉:၀၀ နာရီအချိန်တွင် ကျိန္တလီမြို့၊ ပုန်းညှက်ကျေးရွာရှိ တောင်သူ ဦးကိုကိုဦးပိုင် စိုက်ခင်းတွင်ကျင်းပသည်။

ရှေးဦးစွာ ဂွမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာ ပိုင်စိုးဦးမှ တိရစ္ဆာန်အစာပင် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် တိရစ္ဆာန်များအတွက် လိုအပ်သော အစာအာဟာရကို လုံလုံလောက်လောက်ကျွေးမွေးပြီး တိရစ္ဆာန်နှင့်တိရစ္ဆာန် နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှုတိုးတက် မြင့်မားလာစေရန်၊ တိရစ္ဆာန်များ၏ အသက်ရှင်သန်မှု၊ ကျန်းမာကြီးထွားမှု၊ ထုတ်လုပ်မျိုးပွားနိုင်မှုတို့အတွက် အစာအာဟာရပြည့်ဝသော အစားအစာများကိုရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်းနှင့် မွေးမြူရေးလုပ်ငန်းသည် တောင်သူများအတွက် စီးပွားရေးလုပ်ငန်းဖြစ်သည့်အလျောက် အစာဖိုးကုန်ကျစရိတ်မှာ မွေးမြူရေးလုပ်ငန်းတွင် မြင့်ဆုံးကုန်ကျစရိတ်ဖြစ်ပြီး အစာဖိုးကုန်စရိတ် သိသာစွာလျော့ချပေးနိုင်ရန် ရည်ရွယ်၍ စိုပျိုးရခြင်း ဖြစ်ကြောင်းပြောကြားသည်။

အဆိုပါ စိုက်ပျိုးပွဲသို့ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးဖြိုးဝေလင်း၊ ဂွမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာပိုင်စိုးဦး၊ ကျိန္တလီနယ်မြေရဲစခန်း တာဝန်ခံဗိုလ်ကြီး ရဲအုပ်ကျော်သူအောင်၊ ကျိန္တလီနယ်မြေမီးသတ်စခန်း တာဝန်ခံ  ဦးခင်မောင်ညို၊ မြို့စည်ပင်သာယာရေးအဖွဲ့ မြို့ဦးစီးမှူး ဦးနိုင်မင်းအေး၊ ပြန်/ဆက်ဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း(၃၀)ဦးခန့်တက်ရောက်ကာ တေကူးယန်းနေဗီယာမြက် (၁)ဧကအား လူထုလှုပ်ရှားမှု ပုံစံဖြင့် စနစ်တကျစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကျိန္တလီ ပြန်/ဆက်