မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ

‌ချမ်းအေးသာစံ  ဇွန်  ၂၃

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဖြန့်ဝေပေးခဲ့သည်။

‌ ယင်းသတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြသနာနှင့်ဖွံ့ဖြိုးတိုးတက်ရေး‌နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၃၁-၁-၂၀၂၂)ရက်နေ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)၌ ပြောကြားသည့် အမှာစကားမှကောက်နုတ်ချက်၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ(၅)ချက်၊ မဟာဗျူဟာ(၂)ရပ် ‌နည်းဗျူဟာ(၃)ရပ်၊ မင်းသန်းနိုင်(မုဒုံ)ရေးသားသည့် ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်ကဗျာ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း စသည်ဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်အန္တရာယ်များ၊ ဆိုးကျိုးများအကြောင်းကို ကျောင်းသား/သူများ၊ ပြည်သူလူထုများသိရှိစေရန်ဖော်ပြထား‌ကြောင်း သိရသည်။

ထိပ်ထားနိုင်