ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အားကစားအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး

နမ့်ဆန် ဇွန်  ၂၃

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ကိုယ်လက်လှုပ်ရှားအားကစားအစီအစဉ်အဖြစ် အားကစားအကများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများမှထုတ်လွှင့်ရန် ရိုက်ကူးခဲ့ပါသည်။

အဆိုပါ ကိုယ်လက်လှုပ်ရှားအားကစားဖြစ်သည့် အားကစားအကများသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး မိမိအားလပ်ချိန်များတွင် စိတ်အပန်းပြေစေရန် ကျန်းမာရေးလေ့လာလိုက်စားသူများနှင့် မိမိတို့နေအိမ်၌ ကိုယ်လက်လှုပ်ရှားအားကစားများကို လိုက်ပါဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ စီစဉ်ရိုက်ကူးခြင်းဖြစ်ပြီး နမ့်ဆန်ဒေသ အဆင့်ရုံးမှ ဖွင့်လှစ်ထားသော We Love Namhsan Page တွင် အွန်လိုင်းမှတစ်ဆင့် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်