မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် တိရစ္ဆာန်မွေးမြူရေးအကြာင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်

မြစ်သား ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၁)နာရီက တိရစ္ဆာန်မွေးမြူရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီတာအောင်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုးဒေါက်တာနေလွင်ထူးနှင့် ဒေါက်တာယမုံသျှင်နှောင်းအေးတို့က ဒေသခံမွေးမြူရေးနှင့် တောင်သူ များသိရှိစေရန်အတွက် နို့စားနွားမွေးမြူးရေးအကြောင်း၊ နို့စားနွားမရွေးချယ်ခြင်း၊ မွေးမြူရမည့်နည်းစနစ်များ၊ မွေးမြူရမည့်မြေနေရာရွေးချယ်ခြင်း၊ မျိုးမြင့်သားစပ်ခြင်းနှင့် နွားမများ၏ မျိုးပွားမှုဆိုင်ရာဇိ၀ကမ္မဗေဒ၊ အစရှိသည့် နို့စားနွားမွေးမြူရေးနှင့်ပတ်သက်သည့် အကြောင်း အရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)