မိုင်းရှူး ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၂ ခုနှစ်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့နံနက်(၉)နာရီက အထကကျောင်း၊ အလကကျောင်းနှင့် စျေးဆိုင်များတွင် စောင်ရေ (၂၅၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်အား ၂၀၂၂ခုနှစ်၊ ဇွန်လတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေရာ မူးယစ်ဆေးဝါးပြဿနာနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆောင်းပါး၊ (၃၁-၁-၂၀၂၂) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာပျူဟာ(၂)ရပ်၊ နည်းပျူဟာ(၃)ရပ်၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ် ကဗျာ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် ကာတွန်းရုပ်ပုံ စသည်အကြောင်းအရာများပါရှိကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)