တက္ကသိုလ်အဆင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ရမည်းသင်း ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက တက္ကသိုလ်အဆင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို လူထုအခြေပြု ဗဟိုဌာန (CommunityCentre) ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် သစ်တောဦးစီးဌာန၊ ခရိုင်သစ်တောဦးစီး၊ လက်ထောက်ညွှန်ကြားရေးမှူးဦးသိန်းသန်းထွန်းက တက္ကသိုလ်အဆင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အသိပညာပေးရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သိမ့်သိမ့်မျိုးက တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပရခြင်းနှင့် လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲများကျင်ပခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်များကျင်းပခြင်း၊ အိမ်တွင်းမှုအတတ်ပညာရပ်များ သင်ကြားပေးခြင်းတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင်၊ နည်းပညာတက္ကသိုလ်(ရမည်းသင်း) ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင်(ခရိုင်၊ပြန်/ဆက်)