နမ့်ဆန် ဇွန် ၂၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ကျောင်းသား/သူများ ကိုဗစ်- ၁၉ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် အခြေခံပညာအထက်တန်းကျောင်းခွဲ အလကဘုရားကြီးနှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ ဇယ်တုန်ဟုန်းကျေးရွာ၊ အမေ့အိမ် ကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/သူများနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း ကျန်းမာရေးစစ်ဆေးခြင်း မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးပြီးနောက် ကျောင်းသား/သူများအား မိနစ်(၃၀)ခန့်အနားယူစေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
နမ့်ဆန်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.ကဘုရားကြီးနှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ ဇယ်တုန်ဟုန်းကျေးရွာတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကာကွယ်ဆေးထိုးရန် ကျောင်းသား/ကျောင်းသူ(၁၁၇)ဦး၊ အမေ့အိမ်ကိုယ်ပိုင်ကျောင်း အပါအဝင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ(၁၂၂)ဦး စုစုပေါင်း(၂၃၉)ဦး ထိုးနှံပြီးစီးပြီဖြစ်ရာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ကျောင်းသား/သူမျာအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း နှင့်ယနေ့အထိ အသက်(၅)နှစ်မှ ကျောင်းသား/ကျောင်းသူ(၇၂၁)ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား /ကျောင်းသူ (၅၀၂)ဦး စုစုပေါင်း(၁၂၂၃)ဦး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရှိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)