နမ္မတူ စက်တင်ဘာ ၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ ည (၇)နာရီခွဲ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ နမ္မတူမြို့နယ်တွင်းရှိ ရပ်ကွက်များသို့ သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမဖြစ်စေရေးအတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးအိမ်အပြင်မထွက်ဘဲ မိမိတို့ နေအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေလိုအပ်ပါက လူတစ်ဦးသာ အပြင်ထွက်ရန်၊ အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Surgical Mask)ကို မဖြစ်မနေ တပ်ဆင်ရန်၊ လက်ကို စနစ်တကျမကြာခဏ ဆေးကြောရန်၊ မိမိနေအိမ်ဝန်းကျင်တွင် ပြည်ပနိုင်ငံများ၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများဖြစ်ပေါ်နေသည့် မြို့နယ်ဒေသများမှ ပြန်လာသူများရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေး ဌာနများနှင့် နီးစပ်ရာ လူမှုကူညီရေးအသင်းထံသို့ သတင်းပို့ရန်နှင့် သတ်မှတ်အသွားအလာ ကန့်သတ်ခြင်းမှ ပြန်လာသူများ အနေဖြင့်လည်း မိမိနေအိမ်အိပ်ခန်းအတွင်း သီးခြားနေထိုင်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား တဲ့ လိုက်နာ ဆောင်ရွက်ရန်အချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)