လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ လမ်းကွန်ကရစ်ခင်းဆောင်ရွက်ရန် မြေသားပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု နှင့် ကွန်ကရစ်ခင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု

လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အမှတ်(၁၄)ရပ်ကွက် ချင်းတွင်းလမ်းနှင့် ပန်းလောင်းကြားဖြတ်လမ်း၊ အမှတ်(၁၀)ရပ်ကွက်ရှိ စလင်းလမ်းများတွင် မိုးတွင်း ကာလသွာလာရေး အဆင်ပြေစေရန်နှင့် လမ်းများပေါ်တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန် လမ်းကွန်ကရစ်ခင်း ဆောင်ရွက်ရန် မြေသားပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကွန်ကရစ်ခင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ယမန်နေ့ ညနေ ၄ နာရီခန့်က လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်()တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်ရပ်/ကျေး အလုပ်အမှုဆောင်များနှင့်  သက်ဆိုင်ရာတာဝန်ရှိသူများက ရေရှည် ခိုင်ခံ့မှုရှိစေရေး ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြတောင်းဆိုမှုကြောင့် တိုင်းဒေသ ကြီးအစိုးရမှ စီမံဆောင်ရွက်ပေးမှုဖြင့် (၂၀၁၉၂၀၂၀) တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အမှတ်(၁၄)ရပ်ကွက် ချင်းတွင်းလမ်းနှင့် ပန်းလောင်းကြားဖြတ် လမ်းအား ကွန်ကရစ်ခင်းခြင်းဆောင်ရွက်ရန် မြေသားပြုပြင်ခြင်းဆောင်ရွက်နေမှုနှင့်  အမှတ်(၁၀) ရပ်ကွက်ရှိ စလင်းလမ်း ကွန်ကရစ်ခင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)