ရပ်စောက်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ရပ်စောက် ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေးခြင်းကို  ဇွန်လ ၂၁ ရက်နေ့ နံနက် ၈ နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ထုတ်ပေးရာတွင် ပင်စင်လစာငွေလာရောက်ထုတ်ယူသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိရာ စတင်ထုတ်ပေးသည့် ပထမနေ့တွင် အငြိမ်းစားပင်စင်လစာငွေအား (၇၀၀)ဦးကျော် လာရောက်ထုတ်ယူခဲ့ကြပြီး ရပ်စောက်မြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းဦးရေ (၂၀၀၀)ကျော်ရှိကြောင်းနှင့် ပင်စင်စားများ အဆင်ပြေစေရေးအတွက် ဇွန်လ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေ့စဉ်ရုံးပိတ်ရက်မှအပ ရုံးဖွင့်ရက်များတွင် နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီအတွင်းကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ လစာငွေများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)