မိုင်းရယ် ဇွန် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ယမန်နေ့နံနက် ၉ နာရီက မိုင်းရယ်မြို့၊ အခြေခံပညာအထက်တန်း ကျောင်း၌ ပြုလုပ်ပေးသည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစပ်ရေးကတ်ပြားပြုလုပ်ပေးရာတွင် မိုင်းရယ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အသက်(၁၀)နှစ်နှင့်အထက်ရှိ ကျောင်းသား/သူများ လာရောက်ပြုလုပ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် မိုင်းရယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းရယ် (ပြန်/ဆက်)