ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဒဂုံ‌မြောက် ဇွန် ၂၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဇွန် ၂ ရက်၊ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူလူငယ်‌လေးများမှ ငယ်စဉ်ကပင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို သိရှိရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား‌၊ ကျောင်းသူများကို ပထမဆု၊ ဒုတိယဆု၊ တတိယဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများပြသထားသော နံရံကပ်စာစောင်ကိုကြည့်ရှုခဲ့ကြကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော “သတင်းစကား”လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မြင့်မြင့်ရီ