မြောက်ဥက္ကလာပ ဇွန် ၂၂
မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာကျောင်းများရှိ အသက် ၅ နှစ် မှ ၁၂ နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉:၃၀ နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ အ.လ.က(၆)ကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၈၄)ကျောင်းရှိ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရခြင်းမရှိသေးသည့် ကျောင်းသား/ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များအား မိဘအုပ်ထိန်းသူများမှ သဘောတူလက်မှတ်ရေးထိုးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ စိုးရိမ်ရသည့်ရောဂါလက္ခဏာ ရှိ/ မရှိ မေးမြန်းခြင်းစသည်တို့ဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျောင်းသား(၁၂၆)ဦး၊ ကျောင်းသူ(၁၄၉)ဦး စုစုပေါင်း(၂၇၅)ဦးထိုးနှံပေးခဲ့ပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)