စားသုံးသူရေးရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

ရေး ဇွန် ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် (၁၁) နာရီက စားသုံးသူရေးရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်ခဲ့ပါ သည်။

အဆိုပါဆွေးနွေးပွဲတွင် ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်သံ ကျွမ်းကျင်-၃ ဒေါ်သီသီမိုးနှင့် ရေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အိအိဖြိုးတို့က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာ ကွယ်ရေးဥပဒေ၊ ကုန်အညွှန်းအမှတ်အသား၊ စားသုံးသူအနေဖြင့် စိတ်ချလုံခြုံမှုရှိသော ကုန်စည်များရွှေးချယ်ဝယ်ယူစားသုံးသင့်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်နယ်လှည့်လှုပ်ရှား မည့်အစီအစဉ်များ စသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြသည်။

သို့ဖြစ်ပါ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရေးမြို့နယ်ရုံးအနေဖြင့် Talk Show များ၊ ဟောပြောပွဲများ၊ ပုံပြင်ပြောခြင်းအစီအစဉ်များ စသည့်အသိပညာပေးလုပ်ငန်းများကို Online မှတဆင့် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ စားသုံးသူရေးရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ရေးပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရေး (ပြန်/ဆက်)