ကျောက်ဆည် ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ(၂)နာရီက ကျောင်းသား /ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေးအတွက် အလယ်တန်းအဆင့် ပုံပြောပြို်ငပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် အားလပ်သည့်အချိန်များတွင် စာအုပ်စာပေများ ဖတ်ရှုလေ့လာပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သူများ ဖြစ်စေလိုကြောင်း၊ စာပေချစ် မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာကာ ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေးနှင့် အကျိုးရှိသည့်စာပေများ ပိုမိုလေ့လာဖတ်ရှုစေရေးပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပိုမိုဖတ်ရှုစေလိုကြေင်း စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာအုပ်၊စာပေများ ဖတ်ရှုခြင်းဖြင့် ယဉ်ကျေးလိမ္မာသူများဖြစ်စေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပုံပြောပြိုင်ပွဲနှင့်စကားပုံဆက် ပြိုင်ပွဲများကျင်းပရာ အခြေခံပညာအထက်တန်းကျေုာင်းများမှ အလယ်တန်းအဆင့် ကျောင်သား/ကျောင်းသူ (၃၅)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ပြိုင်ပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများမှအမှတ်တရ လက်ဆောင်များပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သက်မောင်