ရမည်သင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကျင်းပ

ရမည်းသင်း ဇွန် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ဇွန် ၂၂ ရက် နံနက် ၁၀နာရီက  ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင်ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူးဒေါ်သိမ့်သိမ့်မျိုးက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက် နှင့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အလယ်တန်းဆင့်ပန်းချီပြိုင်ပွဲတွင် အမှတ်(၁)အထက်တန်းကျောင်း(၁၅)ဦး၊ အမှတ်(၅)မြို့မအထက်တန်းကျောင်း (၁၅)ဦး၊ KTLကိုယ်ပိုင်အထက်တန်းကျောင်း(၃)ဦးနှင့် ပညာ့ဂုဏ်ရည်ကိုယ်ပိုင်အထက်တန်းကျောင်း(၃)ဦး၊ စုစုပေါင်းကျောင်း သား၊ ကျောင်းသူ(၃၆)ဦး ပါဝင်ယှဉ်ခဲ့ကြပြီး ဆုရရှိသူများအားဇွန် ၂၃ ရက်နေ့တွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများ၊ စိတ်ဝင်စားသည့်ပြည်သူများမှ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ရုံးဝန်းအတွင်း ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း နံရံကပ်ပြဘုတ်များနှင့် စာအုပ်ပြပွဲကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇော်ဝင်းအောင်( ပြန်/ဆက်)