စဉ့်ကူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး

စဉ့်ကူး   ဇွန်    ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင် လစာငွေ များကို ယမန်နေ့နံနက် (၈)နာရီအချိန်မှစ၍  ထုတ်ပေး​လျက်ရှိသည်။

စဉ့်ကူးမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (ပင်စင်)လစာထုတ်ယူသူ (၁၀၂၆) ဦးရှိပြီး ပင်စင်ထုတ်ယူရာတွင် အခက်အခဲမရှိစေရန် အုပ်စုများခွဲကာနေ့ရက် သတ်မှတ်ပေး၍ အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း၊ အငြိမ်းစားဝန်ထမ်းများ၏ လုံခြုံရေးကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပင်စင်လစာငွေထုတ်ပေးခြင်းကို ယခုလတွင် ဇွန်လ (၂၁)ရက်နေ့မှ (၂၉)ရက်နေ့ထိ နေ့စဉ် ရုံးပိတ်ရက်မှအပ ရုံးဖွင့်ချိန်များတွင် နံနက်(၈)နာရီ မှ နေ့လယ် (၁) နာရီထိ ထုတ်ပေးလျက်ရှိကြောင်း စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရ သည်။

တင်ဇာလွင် (ပြန်/ဆက်)