ရွာငံမြို့နယ်တွင် မသန်စွမ်းသူများနှင့်ပတ်သက်သည့် အခွင့်အရေးများဆိုင်ရာအသိပညာပေး Talk Show ဆောင်ရွက်

ရွာငံ ဇွန် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် မသန်စွမ်းသူများနှင့် ပတ်သက်သည့် အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး  Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးသန့်က  မသန်စွမ်းသူများဆိုင်ရာ ဉာဏ်ရည်ချို့ယွင်းနေသူများ၏ လက္ခဏာများ၊ အသိဉာဏ်ပိုင်း မသန်စွမ်းခြင်းဆိုင်ရာများ၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအကြောင်းများနှင့် ဒုတိယဦးစီးမှူး ဒေါ်နီနီမြင့်က မသန်စွမ်းသူအမျိုးအစား၊ မသန်စွမ်းသူများ အတွက်ပြဌာန်းပေးထားသည့် အခွင့်အရေးဥပဒေများ၊ မသန်စွမ်းသူများ၏ ပညာရေးနှင့် ပတ်သက်ပြီး ဥပဒေပါအခွင့်အရေးများ၊ မြန်မာနိုင်ငံတွင်ရှိသည့် မသန်စွမ်းသူများ၏ ပညာတတ်မြောက်မှုနှုန်း၊ မသန်စွမ်းသူများ၏ နိုင်ငံရေးနှင့်ပြည်သူ့ရေးရာ နယ်ပယ်များတွင်ပါဝင်ဆောင်ရွက်ခြင်း၊ မသန်စွမ်းသူများ၏ အလုပ်အကိုင်များ စသည်တို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည့်ဖြိုးသန့်(ရွာငံ)