ဒလ ဇွန် ၂၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို သွားနှင့်ခံတွင်းအထူးကုဆရာဝန် ဒေါက်တာသောင်းထွဋ်တင်ဦးဆောင်သော ကျန်းမားရေးဝန်ထမ်းများက ကွင်ဆင်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဒလမြို့နယ်အတွင်းရှိ အ. ထ.က (၂)တွင် ကျောင်းသား၊ ကျောင်းသူ(၂၂)ဦး၊ အ.ထ.ထ(၄)တွင် ကျောင်းသား၊ ကျောင်းသူ(၇၆၅)ဦး၊ ဟာမိုနီကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ(၁၆)ဦး၊ မေယုမြင့်မိုရ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ(၆၇)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၈၇၀)ဦးတို့ကို ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက(Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရန် ကျန်ရှိသောကျောင်းများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သီတာဝင်း (IPRD)