တွံတေးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့  အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ပြုလုပ်

တွံတေး ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

အလယ်တန်းကျောင်း(ခွဲ)အိုးဘိုအရှေ့ရပ်ကွက်မှ အလယ်တန်းအဆင့်ကျောင်းသား/သူများအနေဖြင့် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအကြောင်း ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ် အ‌ကြောင်းသိကောင်းစရာများ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပိုစတာများ၊ ကွမ်းစားသုံးခြင်း၏ဆိုးကျိုးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးဆိုင်ရာ အသိပညာပေးဗီနိုင်းပိုစတားများ ပြသထားကြောင်းသိရသည်။ မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် နံရံကပ်စာ‌စောင်နှင့် စာအုပ်ပြပွဲပြုလုပ်ရခြင်းမှာ မြို့နယ်အတွင်းရှိ  ကျောင်းသူ/ကျောင်းသားများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်အကြောင်းကိုသိရှိပြီး ရှောင်ရှားနိုင်စေရန်အတွက် နံရံကပ်စာစောင်ပြသခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

တွံတေးသား