ဒဂုံအရှေ့ ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ရပ်ကွက်/ ကျေးရွာများရှိ အခြေခံပညာကျောင်းများထံ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီတွင် မလစ်အရှေ့အဝိုင်းကျေးရွာရှိ အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးဌာနဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်ကျေးရွာများရှိအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမကြိမ်ဆေးထိုးနှံပေးရာ ဇွန်လ(၂၁)ရက်နေ့တွင် မလစ်အရှေ့အဝိုင်းကျေးရွာအမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၀၇)ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်း ယခုကဲ့သို့ ရပ်ကွက်/ ကျေးရွာများရှိ အခြေခံပညာကျောင်းများထံကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဝင်းအိမွန် (ပြန်/ဆက်)