ဒဂုံမြောက် ဇွန် ၂၂
ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ / ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက် ရှိရာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် သတ်မှတ်ဆေးထိုး စုရပ်ဖြစ်သည့် မြောက်ဒဂုံစက်မှုဇုန် စီမံခန်ခွဲရေးကော်မတီရုံးနှင့် အမှတ် (၃၈) ရပ်ကွက် မင်္ဂလာအေးကျောင်းတိုက်တွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီလွှမ်းခြုံနိုင်ရန် ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သတ်မှတ်ဆေးထိုးစုရပ်တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသူ (၅) ဦးနှင့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ စက်မှုဇုန်လုပ်သား (၂၇၆) ဦးနှင့် ပြည်သူ (၆၀) ဦး စုစုပေါင်း (၃၃၆) ဦးတို့အား တတိယအကြိမ် (Booster dose) အဖြစ် Covishield နှင့် Covaxin ကာကွယ်ဆေးများကို ဆက်လက်ထိုးထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ကြက်ခြေနီ အသင်းဝင်များ၊ ရပ်ကွက် တာဝန်ရှိသူများမှ လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ