မိုးမိတ်မြို့၌ ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

မိုးမိတ် ဇွန် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်  ၂ ရက်နေ့မှစတင်၍ ဖွင့်လှစ်ခဲ့ရာ နိုင်ငံသားစီစစ်ရေး ကတ်ပြားမရရှိသေးသော ကျောင်းသား၊ ကျောင်းသူများအား မိုးမိတ်ခရိုင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုင်ဆောင်နိုင်စေရန်အတွက် ယမန်နေ့နံနက် ၉ နာရီမှစတင်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်‌ရေးရည်ရွယ်ချက်ဖြင့် အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား(၂၁)ဦး၊ ကျောင်းသူ(၂၅)ဦးတို့အား နိုင်ငံသားစီစစ်ရေးကတ်ပြားများရရှိစေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆာင်ရွက်ပေးနေမှုအား ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမိုး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဝင်းမောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။  

စည်သူဌေး (ခရိုင်ပြန်/ဆက်)