လသာ ဇွန် ၂၂
လသာမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစား သရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက မြညီလာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီနီအောင်မှ လူငယ်များအနေဖြင့် ပညာရေး ကဏ္ဍအပြင်စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့် ကျန်းမာရေးကောင်းမွန်စေရေး၊ ကြီးပွားရေးအမြင်ရှိ စေရေးတို့အပြင် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ထက်မြက်စေရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း အသိပညာပေးပြောရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အနောက်ပိုင်းခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်ဝေမှ ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ရမည့် လူကောင်း၊ လူတော်များ ဖြစ်စေလိုကြောင်းနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်များ ထိန်းသိမ်းစောင့်ရှောက် နိုင်စေရန်တို့ကိုလည်းကောင်း ဟောပြောသည်။ မြို့နယ်အားကစားနှင့် လူငယ်ရေးရာဌာန မြို့နယ်အားကစားမှုး ဦးမျိုးမင်းသန်းက ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန်၊ အားကစား ကဏ္ဍနှင့်သက် ဆိုင်သည့် အခြေခံအချက်( ၄) ချက်တို့ကိုလည်းကောင်း၊ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဌာနမှ မြန်မာ့ရိုးရာခြင်း လုံးအားကစားနည်းနှင့် Fistness Dance အားကစားနည်း သရုပ်ပြသ ပေးကြပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသပေးသော နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲအား ကြည့်ရူ့ခဲ့ကြသည်။ ယနေ့ပြုလုပ်သော အခမ်းအနားသို့ ကျောင်းသူ (၂၅၀) ဦးခန့် တက်ရောက်ကြောင်း သိရသည်။
နီနီအောင်