တိုက်ကြီးမြို့နယ်၌ စီမံကိန်းများမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများဆောင်ရွက်

တိုက်ကြီး ဇွန် ၂၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် VDP စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၂၀)နှင့် Cash for Work စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁)ရွာတို့တွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများကို ဇွန်လ(၁၀)ရက်နေ့မှစတင်၍ ဇွန်လ(၂၀)ရက်နေ့အထိ သက်ဆိုင်ရာကျေးရွာများအလိုက် ကွင်းဆင်းကာဆောင်ရွက်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှသိရသည်။

ဆောင်ရွက်ရာတွင်လည်း တိုက်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စုသီတာလင်းနှင့် ဝန်ထမ်းများက နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ်(၁၀)သန်းဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်မည့် တာခွကျေးရွာ၊ ရှမ်းတောကျေးရွာ၊ ချောင်းကျိုးကျေးရွာ၊ ပနီပင်(မြန်မာစု)ကျေးရွာ၊ ဆဲကျေးရွာ၊ အရှေ့စုကျေးရွာ၊ ကျောင်တောင်ကျေးရွာ၊ စိုင်ခေါင်းကျေးရွာ၊ ကုလားကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ ကန်းဇွန်းချောင်းကျေးရွာ၊ ရေနက်ကွေ့ကျေးရွာ၊ လက်ပြန်ဒိုးကျေးရွာ၊ နန်းတော်ကုန်းကျေးရွာ၊ ပိန်းရှိုကျေးရွာ၊ စပါးကိုင်းကျေးရွာ၊ ဂျိုဖြူစံပြကျေးရွာ၊ ရေလဲကြီးကျေးရွာ၊ ရေနက်လမ်းဝင်(အရှေ့)ကျေးရွာ၊ အုန်းကုန်းကျေးရွာတို့နှင့် Cash for Work စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်ရေပေါ်သောင်ကျေးရွာအုပ်စု၊ မအူကုန်းကျေးရွာတို့တွင် စီမံကိန်းများအလိုက် သတ်မှတ်အချိန်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ကျေးရွာကော်မတီဝင်များအား ကျေးရွာပြည်သူများ၏ အများသဘောဆန္ဒနှင့်အညီ ရွေးချယ်အတည်ပြုဖွဲ့စည်းပေးခဲ့ကြကာ အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်း ဦးစားပေးလုပ်ငန်းများအလိုက် ပွင့်လင်းမြင်သာစွာမဲစနစ်ဖြင့် ရွေးချယ်ဆောင်ရွက်ခဲ့ကြကြောင်းလည်းသိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)