မူဆယ် ဇွန် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊မူဆယ်မြို့ ယာဉ်မောင်းစစ်သင်တန်းခန်းမ၌ ယမန်နေ့ညနေ ၅ နာရီအချိန်က သက်ဆိုင်ဝန်ထမ်းများကို ပြည်သူဆက်ဆံရေးဘာသာရပ်သင်တန်း ပို့ချခဲ့သည်။
အဆိုပါ သင်တန်းပို့ချရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက ပြည်သူ့ဆက်ဆံရေးဆိုသည်မှာ ပြည်သူများကို အထူးပြုအလေးထားဆက်ဆံရသော ဆက်ဆံရေးဖြစ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေးဆိုသည်မှာနိုင်ငံတော်ကိုယ်စားပြုဌာနများက ကောင်းမွန်ပျူဌာသည့် ဆက်ဆံရေးရှိရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုနှင့် ဆက်ဆံရာတွင်လည်း အကောင်းဆုံးဆက်ဆံရေးရှိသင့်ကြောင်းနှင့် Social Media လေလှိုင်းပေါ်ကသတင်းများကိုလည်း သတင်းအမှားအမှန်ခွဲခြားနိုင်ရန် မီဒီယာနှင့်ဆိုင်သည့် ဗီဒီယိုအပိုင်းများကို Projecter ဖြင့် ရှင်းလင်းပို့ချခဲ့သည်။ ဆက်လက်ပြီး ကုန်သွယ်ရေးနှင့် ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ခင်က သင်တန်းပို့ချပေးသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကိုလည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)