တိုက်ကြီးမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး

တိုက်ကြီး ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိပြည်သူများ  ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့် အိုမီခရွန် ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်း ထိုးနှံပေး လျက်ရှိသည်။

ထိုသို့ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက တိုက်ကြီးမြို့နယ် သနပ်ချောင်းကျေးရွာအုပ်စု သနပ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌  ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၁၅) နှစ်နှင့်အထက် ပြည်သူများအား ဦးစားပေး ဦးတည်အုပ်စုအလိုက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ Covaxin ထိုးနှံသူ ၂၀ ဦး၊ Covisheild ထိုးနှံသူ ၃၆၁ ဦး စုစုပေါင်း ၃၈၁ ဦးရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် / ကျေးရွာ အထောက်အကူပြုအဖွဲ့တို့က ကျေးရွာနေပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဒေါ်စန်းကလျာခိုင်