ကွမ်းလုံမြို့နယ် Community Centre ခန်းမ၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Online Talk Show အစီအစဉ်အား ရိုက်ကူးထုတ်လွင့်

ကွမ်းလုံ ဇွန် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Online Talk Show အစီအစဉ်ကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး ရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ Online Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက Online Talk Show အစီအစဉ်ရိုက်ကူးရခြင်း၏ ရည်ရွယ်ချက်ကို မိတ်ဆက်ပြောကြားခဲ့ပြီး ကလေးသူငယ်အခွင့်အရေးများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို မေးမြန်းခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းနွယ်(ဦးစီးအရာရှိ)မှ ကလေးသူငယ်အခွင့်အရေးများနှင့်ရပိုင်ခွင့်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဆောင်ရွက်နေမှုများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကွမ်းလုံမြို့နယ်ရုံး Community Centre ခန်းမတွင် လစဉ်အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ယခုရိုက်ကူးသည့် ကလေးသူ ငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို We Love Kunlong နှင့် ကွမ်းလုံမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page များတွင် လွင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)